Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, August 20, 2007

ု ဒီနေ့ကျွန်တော်အကြောင်းတစ်ခုနဲ့ အင်းယားကန်ရှေ့က လပြည့်...ဆိုတဲ့ ဆိုင်ကိုရောက်ဖြစ်ပါတယ်။ ဆိုင်လေးက အေးအေးချမ်းချမ်းရှိပြီး အပြင်အဆင်ကလည်း လူငယ်ကြိုက် ဖန်စီလေးတွေနဲ့ ကိုရီးယားစတိုင်
အလှဆင်ထားတာပါ။ အရင်ကလည်းဒီဆိုင်ကို မကြာခဏ ဆိုသလိုရောက်ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ
ကိုယ်ကလည်းမအားတာကြောင့်မရောက်ဖြစ်တော့တာပါ။ ခုတခေါက် ရောက်ဖြစ်တော့ အရင်ကလိုပဲ အလွယ်တကူလည်းစားသုံးလို့ရပြီး အချိန်လည်းသိပ်မပေးရတဲ့ ဘာဂါပဲမှာမိပါတယ်။ ရောက်လာတဲ့အခါမှာ တော့ ကိုယ်အရင်စားဖူးတဲ့ (စားနေကျ) tasteနဲ့ ဘာမှမဆိုင်အောင်သိပ်ကိုကွာခြားနေတာတွေ့ရပါတယ်။ ဒါနဲ့ waiterကိုမေးကြည့်တော့ သူကလည်းအူလည်လည်နဲ့ စားသုံးသူစိတ်တိုင်းကျအောင်
ဘာမှ ၀န်ဆောင်မှု့မပေးနိုင်ပါဘူး။ ဒါနဲ့ကိုယ့်ဘာသာကိုယ်ပဲ သြော်သူတို့လဲ ဆိုင်ရှင်မှမဟုတ်တာ၊
မနေ့တစ်နေ့ကမှ ရောက်လာတဲ့ဝန်ထမ်းလေးတွေထင်ပါရဲ့လေဆိုပြီး ကိုယ့်ကိုယ်ကိုပဲ ဖြေတွေးတွေးလိုက်ရပါတယ်။
ဒါနဲ့ အဆင်မပြေစွာနဲ့ပဲ စားသောက်အပြီးမှာ ဘေလ်လည်း ရှင်းလိုက်ရော servicechargesမှာtaxက၇၀၀ ပါတဲ့ဗျား။ ကျွန်တော်အများကြီးလဲပေမရှည်ချင်တော့ပါဘူး။ မြန်မာပြည်က ဆိုင်တော်တော်များများဟာ ဖွင့်ခါစလောက်ပဲ စားသုံးသူကျေနပ်လောက်အောင် ၀န်ဆောင်မှု့ပေးပြီး မိမိတို့ဆိုင်အရှိန်ရလာတဲ့အခါ customerကိုဂရုမစိုက်၊
ဈေးကိုလည်း ငါတို့တောင်းချင်းသလိုတောင်းလို့ရတယ်၊ ရောင်းနေရတာပဲဆိုတဲ့ ဆိုင်တွေပိုမိုများပြားလာတာကိုတွေ့နေရပါတယ်။ နောက်တစ်ဆိုင်ကတော့ အဲဒီ့ကန်လမ်းထဲက ပါပဲ။ ကျွန်တော်သူများစီးပွားရေးကိုတုတ်နဲ့ထိုးတာမဟုတ်ပါ။ အင်္ဂလိပ်စာလုံးနှစ်လုံးပဲပေးထားတဲ့ လ္ဘက်ရည်ဆိုင်ကြီးပါ။ ကျွန်တော်ကလ္ဘက်ရည်မကြိုက်တော့
လ္ဘက်ရည်ဆိုင်ထိုင်ရင် အစားအသောက်တွေကိုပဲ မှာစားတတ်တဲ့သူတယောက်ပါ။ တစ်နေ့အဲဒီ့ဆိုင်ကိုရောက်
တော့ ကျွန်တော်ပဲထမင်း တပွဲမှာလိုက်ပါတယ်။ အချိန်တော်တော်ကြာကြာစောင့်အပြီးမှာတော့ မှာထားတဲ့
ပဲထမင်းရောက်လာပါတယ်။ ကျွန်တော်လည်း မှာထားတဲ့ ပဲထမင်းဆိုတာကို ကြည့်ပြီးတော်တော်စိတ်ကုန်
သွားပါတယ်။ ကြည့်ဦးလေ... အဲဒီဆိုင်ကပဲထမင်းဆိုတာကို မြင်တာနဲ့တင်စားချင်စိတ်မရှိတော့အောင်ပဲ
ချက်ထားတဲ့ဆန်က ဆန်ကြမ်းတွေပါ။ ပဲထမင်းက ပဲမတွေ့ဘဲစပါးလုံးထမင်းဖြစ်နေပါတယ်။ နောက်စားကြည့်လိုက်တော့လည်း ဆီပါတယ်ဆိုရုံနဲ့ အချိုမှုန့် အခဲကြီးကို သွားဝါးမိပါတယ်။ နောက်တစ်ဇွန်းစားလိုက်တော့ ခဲလုံးဝါးမိပါတယ်။ ဒါနဲ့ကျွန်တော်လည်းဆက်မစားတော့ပဲ ဒီအတိုင်းပဲ
ထားခဲ့လိုက်ရပါတော့တယ်။ နောက်ထပ်ကြုံတာလေးတွေကိုလည်း ရေးသွားဦးမယ်နော်...

No comments: