Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, August 28, 2007

အင်းယားမှာလမ်းလျှောက်ခြင်း

ဒီနေ့မနက်စောစောမှာ အင်းယားကိုလမ်းလျှောက်ထွက်ဖြစ်ပါတယ်။ အရင်ရက်တွေတုန်းက ဥာဥ့်နက်တဲ့အထိ
အင်တာနက်ကြည့်နေတော့ မနက်ဆိုရင် အိပ်ရာက နေမြင့်မှပဲနိုးလေ့ရှိပါတယ်။ ညတုန်းကတော့ မီးကလဲ အောက်
နေတော့အိပ်ရာစောစောဝင်ဖြစ်ပါတယ်။ မနက်ကျတော့အိပ်ရေးဝထားတော့လူက လန်းဆန်းနေပါတယ်။
ဒါနဲ့ အင်းယားကိုလည်းမရောက်တာကြာနေတာနဲ့ နံနက်စောစောဖီလင်ကိုလည်းခံစားချင်တာနဲ့ လမ်းသွားလျှောက်ပါတယ်။ ကန်ပေါင်ပေါ်ကိုရောက်တဲ့အခါ လမ်းလျှောက်နေသူ အတော်များများကိုတွေ့ရပါတယ်။
ကျွန်တော်လည်း ကန်ပေါင် ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ် နှစ်ခါပြန်လျှောက် အပြီးမှာ ခုံတခုံမှာ ထိုင်ပြီး နံနက်ခင်းရဲ့အလှကို အင်းယားရေပြင်ကြီးကိုကြည့်ရင် အေးအေးလူလူခံစားမိတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်
ဘေးနား မလှမ်းမကမ်းက အားကစားဝတ်စုံဝတ်ထားတဲ့ အမကြီးတစ်ယောက်က ကန်စပ်ဆီကို ဆင်းနေတာကိုမြင်နေရပါတယ်။
ကျွန်တော်လည်း ထူးခြားတာနဲ့ ကြည့်နေရင်း အဲဒီ့ အမကြီးဟာ လက်ထဲက အထုပ်တထုပ်ကို ရေထဲကို လှမ်းပစ်
လိုက်တာကိုတွေ့ရပါတယ်။ တဆက်တည်းမှာပဲ "ဟဲ့ ဘာလုပ်နေတာတုန်း" ဆိုတဲ့ အသံနဲ့အတူ အဲဒီ့ အမကြီးရဲ့
မိတ်ဆွေ အမျိုးသမီး တစ်ယောက်ရဲ့အသံကိုလည်းကြားလိုက်ရပါတယ်။ အဲဒီ့နောက် ကျွန်တော်လည်း စိတ်ဝင်စားစွာနဲ့နားထောင်နေရာက အမှိုက်ပစ်တဲ့အမကြီးပြောလိုက်တာကတော့ ငါယတြာချေနေတာဟဲ့။
ဒီနေ့ဆို၆ရက်တောင်ရှိပြီ။ အားလုံး၈ရက်လုပ်ရမှာလို့ပြောနေသံကိုကြားလိုက်ရပါတယ်။ အဲဒီတော့မှ ကျွန်တော်
လည်း နံနက်ခင်းရဲ့လှပတဲ့နံနက်ခင်းကိုမခံစားနိုင်ပဲပြန်ခဲ့ပါတော့တယ်။


Monday, August 20, 2007

ု ဒီနေ့ကျွန်တော်အကြောင်းတစ်ခုနဲ့ အင်းယားကန်ရှေ့က လပြည့်...ဆိုတဲ့ ဆိုင်ကိုရောက်ဖြစ်ပါတယ်။ ဆိုင်လေးက အေးအေးချမ်းချမ်းရှိပြီး အပြင်အဆင်ကလည်း လူငယ်ကြိုက် ဖန်စီလေးတွေနဲ့ ကိုရီးယားစတိုင်
အလှဆင်ထားတာပါ။ အရင်ကလည်းဒီဆိုင်ကို မကြာခဏ ဆိုသလိုရောက်ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ
ကိုယ်ကလည်းမအားတာကြောင့်မရောက်ဖြစ်တော့တာပါ။ ခုတခေါက် ရောက်ဖြစ်တော့ အရင်ကလိုပဲ အလွယ်တကူလည်းစားသုံးလို့ရပြီး အချိန်လည်းသိပ်မပေးရတဲ့ ဘာဂါပဲမှာမိပါတယ်။ ရောက်လာတဲ့အခါမှာ တော့ ကိုယ်အရင်စားဖူးတဲ့ (စားနေကျ) tasteနဲ့ ဘာမှမဆိုင်အောင်သိပ်ကိုကွာခြားနေတာတွေ့ရပါတယ်။ ဒါနဲ့ waiterကိုမေးကြည့်တော့ သူကလည်းအူလည်လည်နဲ့ စားသုံးသူစိတ်တိုင်းကျအောင်
ဘာမှ ၀န်ဆောင်မှု့မပေးနိုင်ပါဘူး။ ဒါနဲ့ကိုယ့်ဘာသာကိုယ်ပဲ သြော်သူတို့လဲ ဆိုင်ရှင်မှမဟုတ်တာ၊
မနေ့တစ်နေ့ကမှ ရောက်လာတဲ့ဝန်ထမ်းလေးတွေထင်ပါရဲ့လေဆိုပြီး ကိုယ့်ကိုယ်ကိုပဲ ဖြေတွေးတွေးလိုက်ရပါတယ်။
ဒါနဲ့ အဆင်မပြေစွာနဲ့ပဲ စားသောက်အပြီးမှာ ဘေလ်လည်း ရှင်းလိုက်ရော servicechargesမှာtaxက၇၀၀ ပါတဲ့ဗျား။ ကျွန်တော်အများကြီးလဲပေမရှည်ချင်တော့ပါဘူး။ မြန်မာပြည်က ဆိုင်တော်တော်များများဟာ ဖွင့်ခါစလောက်ပဲ စားသုံးသူကျေနပ်လောက်အောင် ၀န်ဆောင်မှု့ပေးပြီး မိမိတို့ဆိုင်အရှိန်ရလာတဲ့အခါ customerကိုဂရုမစိုက်၊
ဈေးကိုလည်း ငါတို့တောင်းချင်းသလိုတောင်းလို့ရတယ်၊ ရောင်းနေရတာပဲဆိုတဲ့ ဆိုင်တွေပိုမိုများပြားလာတာကိုတွေ့နေရပါတယ်။ နောက်တစ်ဆိုင်ကတော့ အဲဒီ့ကန်လမ်းထဲက ပါပဲ။ ကျွန်တော်သူများစီးပွားရေးကိုတုတ်နဲ့ထိုးတာမဟုတ်ပါ။ အင်္ဂလိပ်စာလုံးနှစ်လုံးပဲပေးထားတဲ့ လ္ဘက်ရည်ဆိုင်ကြီးပါ။ ကျွန်တော်ကလ္ဘက်ရည်မကြိုက်တော့
လ္ဘက်ရည်ဆိုင်ထိုင်ရင် အစားအသောက်တွေကိုပဲ မှာစားတတ်တဲ့သူတယောက်ပါ။ တစ်နေ့အဲဒီ့ဆိုင်ကိုရောက်
တော့ ကျွန်တော်ပဲထမင်း တပွဲမှာလိုက်ပါတယ်။ အချိန်တော်တော်ကြာကြာစောင့်အပြီးမှာတော့ မှာထားတဲ့
ပဲထမင်းရောက်လာပါတယ်။ ကျွန်တော်လည်း မှာထားတဲ့ ပဲထမင်းဆိုတာကို ကြည့်ပြီးတော်တော်စိတ်ကုန်
သွားပါတယ်။ ကြည့်ဦးလေ... အဲဒီဆိုင်ကပဲထမင်းဆိုတာကို မြင်တာနဲ့တင်စားချင်စိတ်မရှိတော့အောင်ပဲ
ချက်ထားတဲ့ဆန်က ဆန်ကြမ်းတွေပါ။ ပဲထမင်းက ပဲမတွေ့ဘဲစပါးလုံးထမင်းဖြစ်နေပါတယ်။ နောက်စားကြည့်လိုက်တော့လည်း ဆီပါတယ်ဆိုရုံနဲ့ အချိုမှုန့် အခဲကြီးကို သွားဝါးမိပါတယ်။ နောက်တစ်ဇွန်းစားလိုက်တော့ ခဲလုံးဝါးမိပါတယ်။ ဒါနဲ့ကျွန်တော်လည်းဆက်မစားတော့ပဲ ဒီအတိုင်းပဲ
ထားခဲ့လိုက်ရပါတော့တယ်။ နောက်ထပ်ကြုံတာလေးတွေကိုလည်း ရေးသွားဦးမယ်နော်...
ကျွန်တော်ဒီ postကိုဘယ်နှစ်ကြိမ်မြောက်တင်တာလဲတောင်မသိတော့ဘူး။ postတင်လိုက်တိုင်းအကြောင်းအမျိုးမျိုးနဲ့ ပျက်သွားရတာချည်းပါပဲ။ ဘလော့လုပ်တာကလည်းမကြာသေးဘူးဆိုတော့ ဟိုဟာစမ်းကြည့် ဒီတန်းပလိတ်ပြောင်းကြည့်နဲ့ဆိုတော့ပျက်ရတာပေါ့။
ကျွန်တော်ဘလော့ကို စပြီးစိတ်ဝင်စားလာတာက သူများဘလော့တွေကို လျှောက်ကြည့်ရာကစတာပါ။
ပထမဦးဆုံး ကျွန်တော်ဖတ်မိတာက မမေဓာဝီဘလော့ကိုပါ။ နောက်ကိုစိုးဇေယျ ပါ။ ကိုစိုးဇေယျ
ဘလော့က လင့်ခ် တွေကတဆင့်မှ မြန်မာ ဘလော့အတော်များများ ဖတ်မိတာပါ။ အဲဒီလိုနဲကျွန်တော်လည်း
ကိုယ့်ခံစားချက်တွေကိုတင်ပြချင်တဲ့ကိုယ်ပိုင်ဘလော့လေးတစ်ခုကိုလုပ်ချင်လာပါတယ်။ ဒီလိုနဲ့တရက်မှာ
ကိုစေတန်ရဲ့ Makingblogကိုသွားတွေ့ပြီးစမ်းလုပ်ရင်းနဲ့ ဘလော့လေးတစ်ခုကိုစမ်းလုပ်ကြည့်ဖြစ်တာပါ။
နောက် ပိုင်းမှာတော့ ကိုမောင်လှ၊ ကိုညီလင်းဆက်၊ မသင်ဇာ(ပါဆင့်နဲ့မပေါင်းတတ်လို့ပါ)၊ ကိုရန်အောင်၊ကိုမင်းကျော် တို့ရဲ့ဘလော့တွေကို လေ့လာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်မြန်မာဘလော့ဂါ ဆိုဒ်မှာတော့ registerလုပ်ပေမယ့်login၀င်လို့မရပါဘူး။ ခုလဲ ကျွန်တော့်တန်းပလိတ်က စီဘောက် ထည့်လို့မရပါဘူး။ အခြားဟာတွေလဲ ထည့်လို့မရသေးပါ။(စကားချပ်)ကျွန်တော့်ဘလော့ကိုလာလည်တဲ့သူတိုင်းကို ရှေ့ကနောင်တော်ကြီးများအတိုင်း
ဝင်လည်သူများကို အကျိုးရှိစေမယ့် တစ်စုံတစ်ခုကိုပေးစွမ်းနိုင်အောင် ကြိုးစားသွားပါမယ်ဟု .....
ဘလော့ကိုခုမှစရေးတာမို့ စာအရေးအသားမကောင်းရင်ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်။
ဒီနေ့ညတော့ အင်တာနက်မှာ လျှောက်မွှေနေတာနဲ့ ညဥ့်နက်သွားမှန်းတောင်
မသိလိုက်ပါဘူး။ ထုံးစံအတိုင်း ဘလော့တွေလျှောက်လည်ရင်းနဲ့ကိုယ့်ရဲ့ မဖြစ်ညစ်ကျယ်
ဘလော့ လေးကိုလည်းမွမ်းမံချင်တာနဲ့ အချက်အလက်လေးတွေ လိုက်ရှာနေတာပေါ့။
ဒီလိုနဲ့ အင်တာနက်ထဲမှာ စိတ်ဝင်တစား လျှောက်ကြည့်နေရင်းနဲ့ ဘယ်နှစ်နာရီထိုးနေလဲတောင်မသိပါဘူး။
တအိမ်လုံးလည်းတိတ်ဆိတ်နေပါပြီ။ အဲဒီခဏ အိမ်ရှေ့ကနေ "ဒုန်း"ဆိုတဲ့အသံကြီးတစ်သံ
ရုတ်တရက် ကြားလိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ လျှပ်စီးလက်သလို လင်းသွားပါတယ်။ အဲဒါနဲ့ ခြံရှေ့ထွက်ကြည့်လိုက်တော့ကျွန်တော်တို့ခြံရှေ့က ဓတ်တိုင်ကို
ကားတစ်စီး ၀င်အောင်းနေပါရောလား။ သူတိုက်တဲ့အရှိန်ကြောင့်ဓတ်တိုင်က ၀ါယာကြိုးတွေလှုပ်ပြီး
ရှော့ခ်ဖြစ်သွားတာပါ။ မီးကတော့ပျက်မသွားပါဘူး။ တိုက်လိုက်တဲ့ကားကတော့ အရှိန်သိပ်မပြင်းတော့ ဘာမှဖြစ်မသွားပါဘူး။ အချိန်ကည ၁၂ နာရီရှိနေပါပြီ။ ကားကမျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်လမ်းကြောကြီး
တိုင်းဝင်လာပြီးတိုက်လိုက်တာပါ။ ကားမောင်းတဲ့သူကတော့မူးနေလေဟန်တူလေရဲ့။ ကားထဲကတောင်
ထွက်မလာနိုင်ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့အိမ်ရှေ့လ္ဘက်ရည်ဆိုင်ထဲမှာ ဘောလုံးပွဲပြနေတာပါ။
အသံကြားပြီးထွက်ကြည့်တဲ့လူအုပ်ကြီးရောက်လာမှ ကားသမားက ကမူးရှုးထိုးမောင်းပြေးမလို့လုပ်နေပါတယ်။ ဒါပေမယ့် ရပ်ကွက်ကလူတွေက ဓတ်တိုင်ကို ကြည့်ပြီးသိပ်ကြီးကြီးမားမားမဖြစ်တာကြောင့်ကားနံပါတ်မှတ်ပြီးသွားခွင့်ပေးလိုက်ပါတယ်။
စောစောသူတိုက်လိုက်တဲ့ဓတ်တိုင်သာ လဲကျသွားခဲ့ရင် ဒါမှမဟုတ် ဓတ်တိုင်နောက်က အုတ်တံတိုင်းသာတိုက်မိရင် နောက်ဆက်တွဲက အိမ်ထဲမှာနေတဲ့ကျွန်တော်တို့သာ
အလုပ်ရှုပ်ရဦးမှာပါ။ ဓတ်တိုင်နဲ့ ကျွန်တော်တို့ အုတ်နံရံက တစ်ပေသာသာလောက်ပဲ ခြားတာပါ။
ကျွန်တော်ဆိုလိုချင်တာက လူတွေဟာအရက်ကို ကိုယ့်ဘာသာပျော်ချင်လို့သောက်သောက် စိတ်ညစ်လို့သောက်သောက်၊ သောက်တာများလို့မနိုင်တော့ရင် နောက်လာမယ့်ပြသနာတွေဟာ
မိမိကိုသာမက အခြားသူတွေကိုပါအနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်မသောက်ခင်ကတည်း က
မိမိဘာသာစဉ်းစားတွေးခေါ်ကြစေချင်ပါတယ်။

ကျွန်တော့်ရဲ့ခွေးကလေးးး သူ့နာမည်က ဂျမ်ဘိုတဲ့။ သူ့အသက်ကခုဆိုရင် ၂နှစ်ပေါ့။ အထီးလေးပါ။ မကြာခင်အိမ်ထောင်ချပေးမလားလို့စဉ်းစားနေတယ်။ သင့်တော်မယ့်သူမတွေ့သေးလို့။ မိဘဆိုတော့လည်း
ကိုယ့်သား သမီးကို ဆင်စီးပြီးမြင်းရံ တာပဲမြင်ချင်တာမှုတ်လား။
အဟီး... အလကားနောက်တာပါဗျာ။
မိတ်ဆွေကော ခွေးချစ်တတ်လား ...???
သူကတော့ကျွန်တော့်ရဲ့တစ်ဦးတည်းသော သစ္စာရှိဆုံးကောင်လေးပါ။
ဒီကောင်လေးကို လူလား...အဲ ခွေးလားမြောက်ဖို့ တော်တော်လေးဂရုစိုက်မွေးခဲ့ရတာပါ။ သူငယ်ငယ်တုန်းက
ခဏ ခဏ နေမကောင်းဖြစ်တာပါ။ သေမင်းလက်ကလွတ်လာတယ်ပြောရမှာပေါ့။ သူက ငယ်ငယ်တည်းက
ခုချိန်ထိ အပြင်လွှတ်လိုက်ရင် တွေ့ကရာ ပါးစပ်ထဲ ကောက်ဝါးတတ်တဲ့ အကျင့်ရှိတယ်လေ။ တစ်ခါတုန်းကလည်း အိမ်ရှေ့ပန်းအိုးထဲက ကျောက်ခဲတုံး မြိုမိလို့ ၀မ်းမသွားနိုင်ပဲဒုက္ခရောက်ရတယ်လေ။
ပြောချင်ပါဘူး...အဲဒီတုန်းကဒုက္ခရောက်လိုက်တာ။ ဒါပေမယ့် သူကောင်းတာလေးတွေလည်း ရှိတယ်ဗျ။
ဒီကောင်က ကလေးတွေ့ရင်သိပ်ဆော့တာ။ သူ့ရဲ့မျိုးရိုးကိုက သူကလူတွေကိုအဖော်လုပ်၊ မျက်မမြင်လမ်းပြ
လုပ်တာလေ။ ဒီကောင်တွေက ခြံစောင့်ခွေးလိုမဟုတ်ဘူးဗျ။ လူတွေနဲ့ရင်းရင်းနှီးနှီးနေချင်တဲ့ကောင်တွေဗျ။
ညဏ်ရည်လည်းတော်တော်ကောင်းတယ်ဗျ။ သူ့ကိုခြံထဲ အညောင်းပြေလွှတ်လိုက်တာနဲ့ ကျွန်တော့်ကို
မတ်တတ်ရပ်ပြီး တော်တော်လေးကြာအောင်ဖက်ထားတာဗျ။ သူ့ကို ပွတ်သက်နေရာက ရပ်လိုက်ရင်လည်း
ပွတ်ပေးတဲ့လက်ကို သူ့နှုတ်သီးနဲ့ လာတို့တယ်ဗျ။ နောက်သူ့အိမ်ထဲ ပြန်သွင်းမယ်လုပ်ရင်လည်း ပုန်းနေသေး
တယ်ဗျ။ သူ့ကိုဆူရင်လည်းနားလည်တယ်။ ရောက်တဲ့နေရာကနေ ဘယ်မှမသွားတော့ပဲ မျက်လုံး ပေကလပ် လုပ်ပြီးကြည့်နေတာဗျ။နောက်ပြီး တခါတလေ သူ့ကို ကျွန်တော်က အမြဲဆော့နေတာပဲ၊
တခါတလေလည်း ဟောင်စမ်းပါဦးလို့
ပြောရင်လည်းဟောင်တတ်တယ်ဗျ။ တော်တော်အံ့သြဖို့ကောင်းတယ်ဗျာ။ တခါကဆို ကျွန်တော်နေမကောင်း
ဖြစ်တုန်းကဆိုရင် သူ ကျွန်တော့်အနားမှာ တစ်နေကုန်နေ နေတာဗျ။ အရင်တုန်းက ဆိုရင် သူ့ကိုမနည်းလိုက်
ထိန်းနေရတာလေ။ ခွေးဆိုတာ သစ္စာအရှိဆုံး အဖော်မွန်ဆိုတာ ဒါကြောင့်ပြောတာနေမှာ။
ကဲ... မိတ်ဆွေကော ခွေးမွေးထားသေးလား။

Saturday, August 18, 2007



ု ဒီအကြောင်းလေးက ကင်မရာဝယ်ရာက စရမှာပဲ။

အရင်ကင်မရာ တုန်းကခရီးသွားတာကောင်းလို့ သိပ်တောင်မသုံးရသေးပဲနဲ့ပျက်သွားတာလေ။

အခုတစ်လုံးကိုတော့ တော်တော်လေးကိုအားတင်းပြီး

ဝယ်လိုက်ရတာပါ။( မ၀ယ်ခင် တစ်ရက်နှစ်ရက်လောက်ကို အင်တာနက်မှာ

ဟိုကြည့် သည်ကြည့် ကြည့်ထားတာပေါ့ဗျာ။ အင်တာနက်မှာ

တော့ ဒေါ်လာ 200 တောင်မပြည့်ပါဘူး(စကားမစပ်)

ဒါနဲ့ Showroomကပဲဝယ်မယ်ဆိုပြီးသွားတာပေါ့ဗျာ...ရောက်လဲရောက်ရော ကိုယ်နဲ့အဆင်ပြေမယ့်ဟာရွေးစမ်းပြီး ၀ယ်မယ်လည်းလုပ်ရော နမူနာပြထားတဲ့ဟာပဲရှိတယ်တဲ့။

ပြီးတော့ ဘူးခွံလည်းမရှိဘူးတဲ့။ ဒါနဲ့ကျွန်တော်လည်း ညစ်ပြီးတခြားဆိုင်ကပဲသွားဝယ်တာပေါ့။

ဒါနဲ့ဝယ်ဖြစ်တယ်ဆိုပါတော့ဗျာ။

အပြန်ကျတော့ စောစောတည်းကအပြင်က၀ယ်ရင်ပြီးရော

ဈေးကလည်း ပိုတောင်သက်သာသေးဆိုပြီး တွေးနေတာပေါ့။

ဒါနဲ့ကိုယ့်ကားဆီလည်းရောက်ရောညနေ ၄နာရီနောက်ပိုင်းမြို့တွင်းယာဉ်မရပ်ရစီမံချက်တဲ့ ဒစ်ဂျစ်တယ်ကင်မရာကြီး နဲ့ရဲက ဓာတ်ပုံရိုက်သွားလေရဲ့ဗျာ။

မြွေကိုက်ပြီ...း((((ဦးလေးကားကို ချောဆွဲထားတာ)