Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, September 2, 2007

လိုင်းကားပေါ်မှာကြုံရတာလေးတွေ...
တရက်ကမြို့ထဲကအပြန်ဘိုင်ကျနေတာနဲ့လိုင်းကားစီးပြန်ခဲ့ပါတယ်။ နေ့ခင်းဆိုတော့ လိုင်းကားပေါ်မှာခရီးသည်
နဲနဲပဲရှိပါတယ်။ ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် တောင်ငေးမြောက်ငေး နဲ့ပေါ့။ ဒါပေမယ့် လိုင်းကားကြီး
က မှတ်တိုင်ရောက်လို့ဘရိတ်အုပ်ရင် ဆောင့်ဆောင့်အုပ်လို့ လူတွေလည်းယိမ်းက နေတာပေါ့။ ဒါနဲ့ဘဲ မှတ်တိုင်တခုအရောက်မှာ ကောင်မလေးတစ်ယောက်ရဲ့ မှတ်တိုင်ပါတယ်ဆိုတဲ့အသံနဲ့အတူ ကားက ဘရိတ်ကို
ဆောင့်အုပ်လိုက်ပါတယ်။ အဲဒီအခါ ကောင်မလေးဆီက "အမလေးဘုရားပလာတာ" ဆိုတဲ့အသံကိုကြားလိုက်ရ
ပါတယ်။ နောက်ကျွန်တော့်ဘေးက ဦးလေးကြီးရဲ့စကားကြောင့် ကားတစ်စီးလုံး ပြုံးစိစိ ဖြစ်ကုန်ကြပါတယ်။
ဦးလေးကြီးပြောလိုက်တာကတော့ "သကြားပလာတာစားချင်နေတာလားမသိဘူးတဲ့"

No comments: